ဝေယျန္တာ - ဘုရားဆင်းတုနှင့်ပန်းပု
Powered by ShweAi

ဗုဒ္ဓ ဗီဒီယို

ဗုဒ္ဓ ဗီဒီယို

တရားတော်များနှင့် ဘာဝနာများ ကြည့်ရှုနိုင်ပါသည် — ဗီဒီယိုကို နှိပ်ပြီး ဖွင့်ပါ။

ဗီဒီယို 1

နဂါး ၉ ကောင်ဗုဒ္ဓ

နဂါး ၉ ကောင်ဗုဒ္ဓ - "ဝေဇယန္တာ" မှ ထုတ်လုပ်ထားသော အထူးပန်းပုလက်ရာ နဂါး ၉ ကောင်ဘုရားသည် သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အားရည်မှန်းပြီး ဝါရင့်ပန်းပုဆရာကြီးများကနေ သက်ရင့်ကျွန်းသားဖြင့်ပုံဖော်ထုဆစ်ထားပြီး ဆေးမှုတ်ခြင်းမပြုဘဲ သဘာဝအရောင်အဆင်းအတိုင်းထားရှိပေးထားတဲ့ နဂါး ၉ ကောင် ဆင်းတုတော်ကြီးဖြစ်ပါသည်

ဗီဒီယို 2

ပုတီး

ပုတီး — ပုတီးကိုမှ သိဒ္ဓိဝင်ပုတီးနဲ့ ထိထိမိမိလေး စိတ်ချင်ကြတဲ့ ဓမ္မမိတ်ဆွေများအတွက် ရှားပါးကျွန်းမင်းသားနဲ့ ကျွန်းနက်သား စစ်စစ်ကိုမှ ပြောင်ချောနေအောင်ပြုလုပ်ထားသော ပုတီးများဖြစ်ပါသည်။

ဗီဒီယို 3

ပိတောက် ရာဇမုနိဗုဒ္ဓ

ပိတောက် ရာဇမုနိဗုဒ္ဓ — ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကို မင်းမြောက်တန်ဆာများဖြင့် ခန့်ညားထည်ဝါစွာ နေ့စဉ်ဖူးမြော်ရမယ့် ပိတောက်သားဖြင့်ထုဆစ်ထားသော "ရာဇမုနိ" ဆင်းတုတော် ဖြစ်ပါသည်။

ဗီဒီယို 4

ကျွန်းနက်ထိုင်းတော်မူ ဗုဒ္ဓ

ထိုင်းတော်မူ ဗုဒ္ဓ — ထိုင်တော်မူ ခြေတော်ချ သိဒ္ဓိဝင်ကျွန်းနက်ဆင်းတုတော်ကိုမှ လာဘ်ပေးရန်ကာမုဒြာ ပုံတော်ဖြစ်ပြီး သက်တော်ထင်ရှား မြတ်ဘုရား ရှေ့မှောက်ဦးချရသကဲ့သို့ ထုဆစ်ထားတဲ့ ဆင်းတုတော် ဖြစ်ပါတယ်။ ကျွန်းနက်သားအစစ်ကိုမှ လနဲ့ချီကာ အချိန်ယူထုဆစ်ထားတဲ့ ဥာဏ်တော် ၁၈ လက်မရှိတဲ့ အထူးလက်ရာ ဆင်းတုတော်တစ်ဆူဖြစ်ပါသည်။

ဗီဒီယို 5

ကျွန်းနက်မဟာမုနိဘုရား

မဟာမုဒိဘုရား — ကျွန်းနက်အတုံးကြီးတစ်တုံးထဲကနေ ထုဆစ်ပေးထားတဲ့ ဥာဏ်တော် ၄၅ လက်မ မဟာမုနိဆင်းတုတော်ကြီး ြဖစ်ပါသည်။ လပေါင်းများစွာ အချိန်ယူထုဆစ်ရသော နကင်းများ၊ မကိုဋ်များ နဲ့ ချပ်ဝတ်သင်္ကန်းတော်များကို အသေးစိတ်ပုံဖေါ်ထုလုပ်ထားတဲ့ အထူးလက်ရာ သိဒ္ဓိဝင်ကျွန်းနက် ဇဗ္ဗူပတိပုံတော်ကြီးဖြစ်ပါတယ်

ဗီဒီယို 6

သင်္ကန်း

သင်္ကန်း — သင်္ကန်းအလှူအတွက် အကောင်းဆုံးကိုပဲ ရှာနေတယ်ဆိုရင် ပိတ်လိပ်ကို ကိုယ်တိုင်ရွေးပြီး အလျား/အနံ ပြည့်ဝအောင်ချုပ်ထားတဲ့ "ဝေဇယန္တာ" ရဲ့ သင်္ကန်းအသစ်များ အဆင်သင့်ရပါပြီ!ဝိနည်းတော်နဲ့အညီ အထူးချုပ်လုပ်ထားပြီး Quality အထူးကောင်းမွန်ကြောင်း အာမခံပါသည်