
Version 1.0.0
"ဝေဇယန္တာ" သည် စီးပွေးသက်သက် ပန်းပုအနုပညာရပ်အပေါ် ထားရှိသည့် ဝါသနာ၊ ယုံကြည်ချက် နှင့် သဒ္ဓါတရားတို့ကို အခြေခံ၍ စတင်တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ဘုရားဆင်းတုတော်များ ထုဆစ်ထုတ်လုပ်ရာတွင်လည်း အရေအတွက် (Quantity) ထက် အရည်အသွေး (Quality) ကိုသာ အဓိကဦးစားပေးပြီး ပူဇော်သူတိုင်း စိတ်အေးချမ်းသာယာမှု ရရှိစေမည့် လက်ရာမြောက် ဘုရားဆင်းတုတော်များကို အချိန်ယူထုဆစ်ပေးနေတာဖြစ်ပါတယ်။
အစပိုင်းတွင် ကျွန်တော်တို့၏ ကိုယ်ပိုင်လုပ်ငန်းစုရုံးခန်းများနဲ့ မိသားစုနေအိမ်များတွင် ကိုးကွယ်ပူဇော်ရန်အတွက် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးသော ရှားပါးသစ်သားများကို ရွေးချယ်ကာ ဘုရားဆင်းတုတော်များ ထုဆစ်ခဲ့ရာမှ အစပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ထုဆစ်ကိုးကွယ်ရာမှတစ်ဆင့် မိမိတို့နည်းတူ အခြားသော ဓမ္မမိတ်ဆွေ အလှူရှင်များအနေဖြင့်လည်း အသားကောင်းအသားမှန်၊ လက်ရာမြောက်ပြီး ကြည်ညိုဖွယ်ကောင်းသော ဘုရားဆင်းတုတော်များကို စိတ်ချလက်ချ ပူဇော်နိုင်စေရန် ရည်ရွယ်ကာ စေတနာအပြည့်ဖြင့် ဆက်လက်ထုဆစ် ရောင်းချပေးခြင်း ဖြစ်ပါတယ်ခင်ဗျား။
ဘုရားဆင်းတုတော်များအပြင် အလှူရှင်များ စိတ်အေးချမ်းသာစွာဖြင့် ကောင်းမှုကုသိုလ် ပြုနိုင်ရန်အတွက် သင်္ကန်းနှင့် ပရိက္ခရာများကိုပါ ယခုအခါ တွဲဖက်ဆင်ယင် ရောင်းချပေးနေပြီ ဖြစ်ပါသည်။ သင်္ကန်းများအတွက် အထည်လိပ် (ပိတ်လိပ်) များကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ဝယ်ယူပြီး သံဃာတော်များ သုံးစွဲရန်အတွက် ဝိနည်းတော်နှင့်အညီ ဆိုဒ်ပြည့်၊ အနံပြည့် စနစ်တကျ ချုပ်လုပ်ထားခြင်း ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် စိတ်ချလက်ချ ယုံကြည်စွာ ဝယ်ယူလှူဒါန်းနိုင်ပါသည်။
"ဝေဇယန္တာ" အနေဖြင့် ဘုရားခန်းပူဇော်မှု အလုံးစုံ ပြီးပြည့်စုံစေရန်အတွက် ရှေးမူမပျက် မြန်မာမှု ပန်းဆွဲများ၊ ကနုတ်လက်ရာများနှင့် ဘုရားကျောင်းဆောင် ဒီဇိုင်းများကိုလည်း ဆက်လက်ထုတ်လုပ် သွားရန် အစီအစဉ်ရှိပါတယ်။
မြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်မြတ်များကို အနုပညာမြောက်စွာ ပူဇော်လိုသူများနှင့် သာသနာပြု ကုသိုလ်ပွားလိုသူ အလှူရှင်များအားလုံးကို "ဝေဇယန္တာ" မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်ခင်ဗျား။